CCTV

Saturday, November 23, 2013

အာဘွားးးးးးးးးစီးရီးခွေ ရဲ့ APK ( Off လိုင်းဖြင့် နားဆင်နိုင် )



မင်္ဂလာပါနော်.. သည်တခါတော့ ကျွန်တော့်ကို ညီငယ်ဘလော့ကာလေးတစ်ယောက် လက်ဆောင်ပေးသွားတဲ့ အာဘွား   ဆိုတဲ့စီးရီးခွေရဲ့ APK လေးဖြစ်ပါတယ်  သည်ကောင်လေးကို ဒေါင်း ပြီး မိမိတို့ ဖုန်းမှာ Install လုပ်ပေးလိုက်ပါ... ဒါဆို မိမိတို့ မှာ အွန်လိုင်းမလိုဘဲ အေးဆေး နားဆင်ခံစားနိုင်ပါပြီ... လိုအပ်သူများ အောက်မှာ ဒေါင်းယူ နားဆင်ပါနော်..

 မိမိဖုန်းပေါ်မှ  apk လေးကို တွေကနေရမယ်  အလယ်မှာ play ဆိုတာလေး ကလ်စတာနဲ့ အောက်ကလို
သူ့ထဲက သီချင်းတွေ ကျလာမယ်နော်... play ခလုပ်လေးကလစ် နားဆင်လို့ရပါပြီ....နော်
လိုအပ်သူများအတွက် အောက်မှာ ဒေါင်းလိုက်ပါ
https://www.mediafire.com/?uc8d1qpxrxai43y

ဒေါင်းမရပါက လင့်သေခဲ့ပါက ချက်ဘောက်မှာ အော်ခဲ့ပါနော်

Friday, November 22, 2013

ကွန်ပျူတာမလိုပဲ ဖုန်းထဲက နေ Root ကြမယ်100%Worked


ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေပဲ လုပ်နေရတာ အားလုံးအသိပါ။ 
ကွန်ပျူတာကို လူတိုင်းမကိုင်နိုင်၊မသုံးတတ်ကြပါဘူး။ Root Tool တွေရှိပေမယ့်
ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။အဲဒီအခါ
ဖုန်းထဲကနေ လုပ်လို့ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဖုန်းဆော့ဝဲတွေရှာမိကြမှာပါ။
ကျနော်လည်းရှာဖူးပါတယ်။တွေ့ပါတယ်။ဒါပေမယ့် အမှန်တကယ် အလုပ်မလုပ်ပါဘူး။ဟိုဟာလိုရတာနှင့် ဒီဟာလိုရတာနှင့်ပါ။ကွန်ပျူတာသုံးတတ်ပြန်တော့လည်း Driver လိုရတာနှင့် ရှုပ်နေတာပါပဲ။အခုတော့ 
ဖုန်းထဲကနေ အမှန်ကန် Root လို့ရတဲ့ apk လေးထွက်ပေါ်လာပါပြီ။ကျနော် G510 ကို စမ်းကြည့်တာ unlockcode မတောင်းပဲ Root နိုင်ခဲ့ပါတယ်။ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။
ဆော့ဝဲကိုဖွင့်ပြီး Start Root ကိုနှိပ်လိုက်တာ စတင်အလုပ်လုပ်ပါတော့တယ်။ 79%လောက်မှာ Ok နှင့် Cancel နှစ်ခုမေးတယ်။တရုတ်စာတွေနှင့်မေးတော့ ဘာမှန်းမသိဘုး။အရဲစွန့်ပြီး OK ကို နှိပ်လိုက်တာ ဆက်အလုပ်လုပ်သွားပါတယ်။ နောက်ထပ် Boxတစ်ခုကျလာပါတယ်။ Ok နေရာမှာ အနီရောင် Box လေးနှင့်ပါ။ Cancel ရောပေါ့။အနီရောင်ဘက်က တရုတ်လိုဆိုတော့ဘာမှန်းတော့မသိပေမယ့် အဲဒါကိုနှိပ်လိုက်တယ်။ ကံကောင်းစွာ Root လုပ်ငန်းပြီးဆုံးသွားတယ်ဗျာ။
ကြိုက်ရင်တော့ယူသွားလိုက်ပါ။
အော်ဆော့ဝဲလေးနာမည်က Pro Myanmar Root တဲ့ ။Developer ကတော့ KoKyawKoKo ပဲဖြစ်ပါတယ်။
တရုတ် root apk လေးကို English လို နားလည်အောင်ပြန်ရေးပေးထားပါတယ်တဲ့။ English version အဖြစ်ပြောင်းပေးထားတဲ့ ဆော့ဝဲလေးနာမည်ကိုတော့ Pro Myanmar Root လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ တရုပ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုပ်စာတွေပါတဲ့ တရုပ် superuser တက်လာပါတယ် ။ဒီကောင်လေးက လုံးဝ English လို တက်ပါတယ်။ ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ် ။ ပြုလုပ်ထားသူကတော့ ကိုကျော်ကိုကို (IPA Cracker) ပါ။ Pro Myanmar Root for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Mediafire

Google Play က This item is not available in your country ဆိုတဲ့ app ကို SuBoo Apk Downloader လေးနှင့်ရအောင်ဒေါင်းမယ်


 
ဒီတစ်ခါတော့ Google play ၀င်လိုက်တိုင်း မြန်မာပြည်က ဒေါင်းလို့မရတဲ့ This item is not available in your country ဆိုတဲ့ app ကို ယခု IT SuBoo မှ တင်ဆက်လိုက်တဲ့ SuBoo Apk Downloader လေးနှင့် အဆင်ပြေပြေ ဒေါင်းယူနိုင်ပါပြီ။ Google Play မှာ Resume မရပေမယ့် ဒီဆော့ဝဲလေးနှင့်ဒေါင်းရင်တော့ Resume ရပါတယ်။မြန်မာပြည်ကဒေါင်းခွင့်ရပေမယ့် ဖိုင်ဆိုဒ်ကြီးလို့ စိတ်ညစ်နေသူတွေလည်း အဆင်ပြေသွားတာပေါ့။ကဲစမ်းသုံးကြည့်ပေးပါဦး။ အဲ တစ်ချို့သိပြီးသား လေးကိုပဲ ဆော့ဝဲလုပ်ပေးလိုက်တာပါနော်။ သိပြီးသူတွေအပြစ်မတင်ကြပါနှင့်။ အသုံးပြုပုံကိုတော့ ဆော့ဝဲထဲမှာ ထည့်ပေးထားပါတယ။် ကြိုက်တယ်ဆို အောက်မှာ ဒေါင်းသွားလိုက်ပါ။

Mediafire

SD Card ထဲက အမှိုက်တွေကို အပြောင်ရှင်းပေးမယ့် SD card cleanup tool 0.6.4 For Android


ဒါလေးကတော့ SD Card ထဲက ဖိုင်တွေကို အပြောင်ရှင်းပေးမယ့် ဆော့ဝဲလေးပါ။ကျနော်တို့က ဆော့ဝဲတွေကို ဖုန်းထဲမှာ အလွယ်သွင်းလို့ရတော့ မျိုးစုံသွင်းကြည့် ကလိကြတယ်။ မကြိုက်ရင် ပြန်ဖျက်ကြတယ်။ အဲ uninstall လုပ်ကြတယ်။ ဒါပေမယ့် သွင်းလိုက်တဲ့ ဖိုင်တွေရဲ့ Cache File တွေက ကဒ်ထဲက နေရာတွေကိုယူပြီး နေကြတယ်။ unistall လုပ်လဲ အားလုံးကပျက်မသွားဘူး။ဒါကြောင့် ဆော့ဝဲတွေကို သွင်းလိုက် ဖျက်လိုက်လုပ်တဲ့အခါများလေ Memory နည်းလာလေပါပဲ။သွင်းထားတဲ့ ဆော့ဝဲလေးက လက်ရှိမှာ ဘာမှ မရှိပေမယ့် low space လာပြနေတတ်တယ်။ အဲဒါကိုဖြေရှင်းဖို့ ဒါလေးကိုသုံးလိုက်ပါ။ဒီထဲမှာ ရှိတဲ့ uninstaller Residue Data တွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပါလိမ့်မယ်။ အဲဒီ Data တွေက uninstall လုပ်ထားတဲ့ ဖိုင်တွေရဲ့ အမှိုက်တွေကျန်နေတာပါ။ ဒါတွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပြီး ဖုန်းလဲ ပေါ့ပါးလာပါလိမ့်မယ်။ Package manager ထဲက ဖိုင်တွေကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ apk ဖိုင်တွေပါ။ ဒါတွေကတော့ မဖျက်ပါနှင့် ။ကဲစမ်းကလိကြည့်လိုက်ကြပါဦး။

Tuesday, November 19, 2013

Real_Football_2014_2d_Apk_1.0.5 (Java_Version for Android)

                  real football 2014 ဘောလုံးဂိမ်းလေးပါ

                  file size 5.56mb သာရှိပါသည်...


                   android version 2.3 နှင့်အထက်ဖုန်းတိုင်းတွင်ထည့်သွင်းကစားနိုင်ပါသည်။

   Screenshot
                                           




                                                                      Download      

Learns Korea Koreanbuilder ( for Android )









ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခု Korea ခေတ်လို့ပြောလို့ရနေပီဆိုတော့
ကိုရီးယား ဘာသာစကားကိုလေ့လာနေသူတွေ.. စိတ်ဝင်စားသူတွေအတွက်
ဖုန်းထဲမှာကိုရီးယားစကားပြောဖို့လေ့လာလို့ရအောင်လက်ဆောင်ကောင်း
လေးတစ်ခုထပ်ပီး Share လိုက်ပါရစေနော်. အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ. .



DOWNLOAD

Christmas Live Wallpaper Full v3.02 Apk (2 MB)

Christmas Live Wallpaper လေးပါ ကြိုက်တယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

MahJong v.1.1 (မာကျောက်ဝါသနာအိုးများအတွက်)


ဒီတစ်ခါတော့ မာကျောက် ဂိမ်းဆော့ချင်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။ ကျွမ်းကျင်သူကော ၊ ၀ါသနာအိုး ၊ စစပြီးစမ်းဆော့ချင်သူများအတွက် အလွန်ကောင်းပါတယ်။ ဒီဂိမ်းက တရုတ်၊ ဂျပန်လူမျိုးတွေ အများဆုံးကစားတဲ့ဂိမ်းပါ။ အောက်တိုဘာ ၁၄ရက်နေ့ ထုတ်ပါ။ ပိုပြီးသိချင်ရင် http://adf.ly/ZOZwB မှာဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။

Description

Mahjong Solitaire Master is the #1 solitaire matching game that uses a set of mahjong tiles. It’s the perfect game for the casual player looking for fun and extensive replay. The game is also known as Shanghai Mahjong, Taipei Mah-Jong, Kyodai, Mahjong Trails.
It is popular in China, Taiwan, Hong Kong, Singapore, and Japan. It is almost the most popular game between Asian.
If you would like to be a master of Mahjong games, or you want to learn the inside of Mahjong games, welcome and join us.
The aim of the game is to remove all the playing tiles in the fastest time, while trying to achieve the highest score. Each tile has a picture on it, there are 43 different pictures in total. Tiles must be selected and matched with other tiles of the same picture. Whenever you match two tiles, they both disappear, and when all tiles have disappeared the game is over.FEATURES:
-----------
- 30 Different Layouts
- Tiles Re-size Automatically to Fit Screen
- Shuffle

MahJong - screenshot

MahJong - screenshot

MahJong - screenshot

MahJong - screenshot

MahJong - screenshot

MahJong - screenshot

Download => Link 1 / Link 2 / Link 3

MPT Service v.1.1 APK (Offline Service) For Android Only

MPT Service - screenshot
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ MPT ရဲ့ Service ကိုအသုံးပြုနေတဲ့ Android User တိုင်းရှိ ထားသင့် တဲ့ Application လေးတစ်ခုဆိုလည်းမမှားပါဘူး။ ပြည်ပမှာနေထိုင်သူတွေအတွက်အသုံးမတည့် ပါဘူးနော်။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။

ဒီ App ကနေ
  • Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
  • CDMA ငွေဖြည့်နိုင်ခြင်း
  • GSM Internet လျှောက်ထားနိုင်ခြင်း
  • GSM Internet Setting ချိန်နည်းပါရှိခြင်း
  • GSM Call Waiting Service လျှောက်ထားနိုင်ခြင်း
  • GSM Call Forward Service လျှောက်ထားနိုင်ခြင်း
  • GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း
  • GSM Voice Mail လျှောက်ထားနိုင်ခြင်း
  • Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။

App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။
Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot



Credit to : Phyo Chan ( MMSD )

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

http://adf.ly/ZPuXm



http://adf.ly/ZPuXm

ဘောလုံးဝါသနာအိုးတို့ ကိုယ်တိုင် မန်နေဂျာလုပ်ရမဲ့ game : Football Manager Handheld 2014 version 5.0.2


 
 
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘောလုံးမန်နေဂျာတွေတော်တော်များမယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ဘာကြောင့်လဲ ဆိုတာ့ ဘောလုံးပွဲတစ်ပွဲကို လက်ဖက်ရည်ဆိုင်မှာကြည့်မယ်ဆိုရင် ဟာဟိုကောင်က ဟိုကိုမပေးဘူး။ ဒီကောင်က ဒီလိုမကန်ဘူးဆိုပြီး နည်းပြလုပ်နေကြတဲ့သူတွေတော်တော် များများကိုတွေ့ နေရပါတယ်။ အဲ့ဒါကြောင့် တိုက်ဆိုင်မယ်ထင်လို့ ကျွန်တော်ဒီ game လေးကို တင်ပေးလိုက်ပါတယ်။ ဒီ game လေးက ကိုယ်ကိုယ်တိုင် မန်နေဂျာလုပ်ရတာဖြစ်တဲ့အတွက် ဘောလုံး အကြောင်းကို ဖွတ်ဖွတ်ကြေအောင် ကျွမ်းကျင်ကြတဲ့ မိတ်ဆွေတို့ အတွက်တော့ အကောင်းဆုံး game လေးတစ်ခုပါပဲ။

Game လေးရဲ့ ပုံစံက ကိုယ်အကြိုက်ဆုံး အသင်းတစ်သင်းကို အကောင်းဆုံး စီမံခန့်ခွဲမှုတွေကိုလုပ်ပေးပြီး အသင်းအောင်မြင်မှုရရှိအောင် ကစားသမားတွေကိုရောင်းရ၊ ၀ယ်ရမယ်။ပြီးတော့ ကစားသမားတွေကို ညွှန်ကြားပြသပေးရမယ်။ အကောင်းဆုံးအသင်း တစ်သင်းအဖြစ်ရပ်တည်နေနိုင်အောင် လုပ်ဆောင်ပေး ရမှာဖြစ်တဲ့ အတွက် ဘောလုံး အသင်းရဲ့နည်းပြ မန်နေဂျာကြီးတွေဖြစ်ချင်ကြတဲ့ သူတွေရော၊ စီမံခန့်ခွဲမှုပိုင်းမှာ ကျွမ်းကျင်ကြတဲ့ မိတ်ဆွေတွေအတွက်ရော အထောက်ကူပြုနိုင်မဲ့ game လေးပါ။

ဒီ gmae လေးက  file size ကတော့အရမ်းကြီးတဲ့ပါတယ်။ ဒါပေမဲ့ ကစားချင်ကြတဲ့ မိတ်ဆွေတွေ အတွက်တော့ ကျွန်တော်တင်ပေးထားတဲ့ file ကို အရင်ဆုံး download လုပ်လိုက်ပါ။ ပြီးသွား ရင် ဖုန်းထဲ ကို install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းကို internet ဖွင့်ပြီး data ကို download ထပ်လုပ်ပေးလိုက်ပါ။ Data ကို  Download လုပ်တဲ့ပုံစံလေးက လည်းရိုးရှင်းပါတယ်။ ဖုန်းရဲ့ internet ကိုဖွင့်ပြီး install လုပ်ထားတဲ့ apk file လေးကိုဖွင့်လိုက်တာနဲ့ internet ဖွင့်ထားတဲ့အတွက်ကြောင့် သူဘာသာ download လုပ်သွားပါလိမ့်မယ်။ Download percentage ပြည့်သွားတာနဲ့ စပြီးကစားလို့ရပါပြီ။ ဒီ game ကို install လုပ်ဖို့အတွက်က internet ကတော့ မရှိမဖြစ်လိုအပ်ပါတယ်ဗျာ။ အဲ့ဒါလေးကိုတော့ သတိထားစေချင်ပါတယ်။ ဒီ game လေးကို ကစားဖို့အတွက် android version 2.2 နဲ့အထက်မှာဆိုရင် ကစားလို့ရပါပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ version မြှင့်တဲ့ ဖုန်းတွေ၊ tablet တွေမှာပဲ ကစားစေ ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ version နှိမ့်တဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ စက် အရမ်းလေး လို့ပါ။ 
 
အဆင်ပြေပြေနဲ့လေ့လာနိုင်အောင် ပုံတွေကိုထည့်ပေးလိုက်ပါတယ်။ ပုံလေးတွေကို ကြည့်လိုက်ရင်တော့ ပိုပြီးသဘောပေါက်နာလည်ပါလိမ့်မယ်ဗျာ။
 







 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ....

Wednesday, November 6, 2013

Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထိုးချင်တဲ့ သူငယ်ချင်းတွေအတွက် X Video Editor v1.4.3


Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် X Video Editor လေးတင်ပေးလိုက်တာပါ။ X Video Editor က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့  ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။

X Video Editor နဲ့ ကာရာအိုကေစာတန်းထိုးတာအရမ်းလွယ်တာမို့ အချိန်လည်း သိပ်မရတာကြောင့် စာတန်းထုးနည်းလေး မတင်တော့ဘူးနော်။ ဆော့ဝဲလ်လောက်ပဲ တင်ပေးလိုက်တော့မယ်။ ကျနော်အစမ်း စာတန်းထိုးပြထားတဲ့ ဗီဒီယိုဖိုင်ပါ တင်ထားပေးပါတယ်။ အောက်မှာနမူနာ ကြည့်နိုင်ပါတယ်။ Andriod Version 2.2 အထက်တွေမှာ အသုံးပြုလို့ရပါတယ်။ 
ဖုန်းဆောဝဲ ဖြစ်တာမို့ကွန်ပြူတာလို အားလုံး ဖန်တီးလို့မရပေမဲ့ အတိုင်းတာတခုထိတော့ တည်းဖြတ်လို့ အဆင်ပြေပါတယ်။ ဖုန်းထဲမှာပဲ ဗီဒီယိုတွေ ကိုယ်တိုင်ရိုက် ဖုန်းမှာပဲပြန်တည်းဖြတ် အရမ်းကို အဆင်ပြေပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်ပြီးမှ တင်ပေးလိုက်တာပါ။
စိတ်ဝင်စားရင် အောက်ကလင့်ထဲမှာ စိတ်ကြိုက်သာ ၀င်ဒေါင်းနိုင်ပါပြီ။


 X Video Editor လေးနဲ့ ကာရာအိုကေ စာတန်းထိုးထားတဲ့ ဗီဒီယို နမူနာလေး ပါ။

App Screenshots

Video Editor-Beautify video - screenshot thumbnailVideo Editor-Beautify video - screenshot thumbnailVideo Editor-Beautify video - screenshot thumbnailVideo Editor-Beautify video - screenshot thumbnailVideo Editor-Beautify video - screenshot thumbnailVideo Editor-Beautify video - screenshot thumbnail


အားလုံးအဆင်ပြေပါစေ.......။