CCTV

Saturday, October 12, 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ်


Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။

                                                       DOWNLOAD

No comments:

Post a Comment