အရင်တစ်ခေါက်က all sim Register apk တင်ပေးခဲ့ပါတယ်
အဲဒီ apk မှာ Telenor,Ooredoo , MPT တို့အတွက် Online Register လုပ်ဖို့အတွက်သာပေးထားပါတယ်
ယခု 4 Sim Register Apk မှာတော့ Telenor,Ooredoo , MPT , MEC Sim Card အားလုံးကို
Online Register လုပ်လို့ရပါပြီ။
Credit -----ko Chan Myae Aung
4 Sim Register apk အားရယူရန်
CCTV
Tuesday, November 29, 2016
လောင်းကစားဝါသနာရှင်များအတွက် 1D2D3D4D apk
ဘဏ်အကောင့်ရှိယုံဖြင့် Regesiter လုပ်ပြီး ဘောလုံး ၊နှစ်လုံး ၊သုံးလုံး ၊ ၄ ကောင် အားလုံး
တစ်နေရာတည်းမှာ ကစားလို့ရတဲ့ App ပါ။
1D2D3D4D Apk အားရယူရန်
တစ်နေရာတည်းမှာ ကစားလို့ရတဲ့ App ပါ။
1D2D3D4D Apk အားရယူရန်
Monday, November 28, 2016
Internet Download Manager(Windows) & Advance Download Manager (Android Mobile)
For Windows
Internet Download Manager 6.26 Latest Version
Computer မှာ Download ဆွဲဖို့ဆိုရင် Internet Download Manager
က မရှိမဖြစ်အရေးပါပါတယ် Download Speed မြန်သလို
Resume Download လည်းရတဲ့အတွက် အခြား Downloader တွေထက်ပိုပြီးအားသာချက်ရှိပါတယ်
For Mobile
Advance Download Manager 5.1.2 apk
Android ဖုန်းတွေမှာ Download ဆွဲဖို့ဆိုရင် Advance Download Manager
က မရှိမဖြစ်အရေးပါပါတယ် Download Speed မြန်သလို
Resume Download လည်းရတဲ့အတွက် အခြား Downloader တွေထက်ပိုပြီးအားသာချက်ရှိပါတယ်
Google Play Store မှာ $1.99 ပေးဝယ်ရတဲ့ app ပါ ဒီ Site မှာတော့ Free Download ရယူနိုင်ပါတယ်
Sunday, November 27, 2016
Mi Tool apk
မန်မာစာထည့်ဖို့ xml way နဲ့ replace way ၂နည်းနဲ့ထည့်နိုင်မယ် Mi တင်မဟုတ်ဘူး ကျန်တဲ့modelတွေပါ မြန်မာစာသွင်းနိုင်မယ်
Font အလှတွေသုံးနိုင်ဖို့ mtzဖောင့်အလှ10မျိုး ရွေးချယ်သုံးနိုင်ဖို့ထည့်ထားတယ်
အသုံးပြုနည်း Guide ပါထည့်ထားတယ်
Desinger acc တော့ရှိရမယ်
app ထဲမှာတင် Dedinger acc ဖွင့်ဖို့link ပါမယ်
Fastboot rom code တွေ ကြည့်နိုင်မယ် ဥပမာ Hydrogen ဆို Mimax 32GB
Moder finder အတွက် ဖုန်းနောက်ကျောဘက်က code သိတာနဲ့ model သိနိုင်မယ် ဥပမာ2014618 ဆို Minote ပေါ့
ပြီးတော့ app ထဲကနေပဲ edl mode နဲ့ fastboot modec၀င်နိုင်မယ် bootloader unlock နဲ့ firmware download လုပ်ဖို့ linkတွေ ပါမယ်
CID နံပတ်နဲ့ emmc sizeကြည့်လို့ရမယ်
Google app တွေသွင်းဖို့ Googpe Installer ပါမယ်
ဒီလောက်ပါပဲ
သုံးလို့အဆင်ပြေရင် like & Share လုပ်ပေးပါအုံး
Main Activityမှာတမျိုးလေးဖြစ်အောင် Title bar ဖျောက်ပြီး Old UI ကြီးသုံးထားတယ်😁😁😁
Credit - ရဲသူရလင်း
Friday, November 25, 2016
Sim Card များကို Mobile app ဖြင့် Online မှ မှတ်ပုံတင်ရအောင်
မှတ်ပုံမတင်ထားသော Sim Card များကို 2017 March လ လောက်မှာ ပိတ်သိမ်းတော့မှာဖြစ်ပါတယ်
မှတ်ချက် ။ ။ MPT , Telenor , Ooredoo Sim Card များသာအသုံးပြုလို့ရပါမည်။
မိမိ Sim Card ကို Online မှ မှတ်ပုံတင်လိုပါက All Sim Register App ဖြင့် မှတ်ပုံတင်နိုင်ပါသည်။
မှတ်ချက် ။ ။ MPT , Telenor , Ooredoo Sim Card များသာအသုံးပြုလို့ရပါမည်။
MEC Sim Card အတွက်မရနိုင်ပါ။
Credit ------Developer Ko Chan Myae Aung
Wednesday, November 23, 2016
iPhone တွေကိုချက်ချင်းရပ်ဆိုင်း၊ ဖျက်ဆီးပစ်နိုင်တဲ့ ‘Link’ တစ်ခုထွက်လာ (စမ်းသပ်ခြင်းမပြုရန်)
ငါးစက္ကန့်သာကြာမြင့်တဲ့ ဗီဒီယိုတစ်ခုက သင့် iPhone တစ်ခုလုံးကို တုံ့ဆိုင်း၊ ရပ်တန့်သွားစေတယ်ဆိုရင် ယုံပါ့မလားမသိပါဘူး။ ဒီအပတ်အတွင်းမှာ iOS ပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ဗီဒီယိုလင့်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။
ဒီ MP4 လင့်ကို ကလစ်လုပ်လိုက်တာနဲ့ အဆိုပါ ဗီဒီယိုဟာ သင့် iPhone, iPad နဲ့ iPod Touch ပစ္စည်းတွေမှာ Play မှာ ဖြစ်ပြီး Play လုပ်ပြီး ခဏကြာတာနဲ့ အဆိုပါပစ္စည်းတွေရဲ့ Home Button, Power Button နဲ့ Touch Screen တွေကိုလုံးဝ တုံ့ပြန်မှုမရှိတော့အောင် Freeze လုပ်ပစ်မှာ ဖြစ်ပါတယ်။ iOS Device ကိုပြန်လည် အလုပ်လုပ်အောင်ပြုလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ စက်တစ်ခုလုံးကို Hard Reset လုပ်လိုက်တာပါပဲ။
The Verge ရဲ့ စမ်းသပ်ချက်အရ လင့်က ဖန်တီးထားတဲ့ Loop တစ်ခုဟာ သင့်ရဲ့ iPhone ကို ဖျက်ဆီးပစ်ဖို့အတွက် ၁၀စက္ကန့်သာ ကြာမြင့်မှာဖြစ်တယ်လို့ စမ်းသပ်ခဲ့တဲ့ ဗီဒီယိုအရသိရပါတယ်။ The Verge ရဲ့ စမ်းသပ်ချက်အရ လင့်ကို iOS 10.1 နဲ့ အလုပ်လုပ်ထားတဲ့ ပစ္စည်းအတော်များများမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး iOS 10.2 Beta နဲ့ အလုပ်လုပ်ထားတဲ့ ပစ္စည်းမှာလည်း စမ်းသပ်ခဲ့သေးတာ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းအားလုံး Unresponsive ဖြစ်သွားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
ထပ်တိုးအနေနဲ့ ApplePro အနေနဲ့ iOS 5 နဲ့ အလုပ်လုပ်တဲ့ ပစ္စည်းမှာ စမ်းသပ်ခဲ့ရာမှာလည်း အလားတူရလဒ်မျိုးပဲ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ စက်တွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ ကြောက်မက်ဖွယ်လင့်ကို စမ်းသပ်ခဲ့တဲ့ ဗီဒီယိုကို အောက်က YouTube ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လို Link ကိုရှောင်ကျဉ်ရမယ်ဆိုတာ သိသွားမှာပါ။
ဒီဗီဒီယိုက သာမန် YouTube ဗီဒီယိုသာဖြစ်ပြီး သင့်ဖုန်းကိုထိခိုက်မှုတစ်စုံတစ်ရာရှိစေမှာ မဟုတ်ပါဘူး။
9to5 Mac ရဲ့ ပြောကြားချက်အရတော့ ဒီလင့်ဆိုးဟာ Long Term Effect တော့မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
Link ကို ကျွန်တော်ဝင်ရောက်ဖို့ Tag တွဲမထားပါဘူး။ တကယ်လို့ ကြည့်ရှုချင်တယ်လူတွေအတွက် အောက်မှာ ကျွန်တော်ဖော်ပြပေးထားပါတယ်။ Window Computer နဲ့ ဝင်ရောက်ရာမှာတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ။ အဆိုပါဗီဒီယိုကိုသာ Download လုပ်သွားတာ တွေ့ခဲ့ရပါတယ်။
ကျွန်တော့်အနေနဲ့ ဗဟုသုတအနေနဲ့သာ ဖော်ပြထားတာဖြစ်ပြီး iOS သမားတွေကတော့ ကော်ပီကူးပြီး ဝင်ရောက်စမ်းသပ်ခြင်းမပြုဖို့ မေတ္တာရပ်ခံပါတယ်။ တကယ်လို့ အဆုံးစွန်ဝင်ရောက်စမ်းသပ်လို့ Unresponsive ဖြစ်သွားတယ်ဆိုရင် သင့် iPhone, iPad တွေကို ပြန်လည်ရယူဖို့အတွက်ကတော့ Home Button နဲ့ Power Button ကို ခပ်ကြာကြာဖိထားပြီး Reset လုပ်ရမှာဖြစ်ပါတယ်။
https://vk.com/doc106491973_439166823
Ref: Mac World
Tuesday, November 22, 2016
iOS ချို့ယွင်းချက်ကြောင့် lock ဖြစ်နေတဲ့ iPhone ရဲ့ ဓါတ်ပုံနဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ရှုနိုင်
Siri နဲ့ VoiceOver မှာ အသုံးပြုထားတဲ့ iOS လုံခြုံရေးချို့ယွင်းချက်ကြောင့် မည့်သည့် iPhone မှာမဆို ဓါတ်ပုံတွေနဲ့ မက်ဆေ့ခ်ျတွေကို ကြည့်လို့ရနိုင်တဲ့ နည်းလမ်းအသစ်တစ်ခုကို ဟက်ကာတွေက တွေ့ရှိခဲ့ပါတယ်။
iOS 8 နှင့်အထက် အသုံးပြုထားတဲ့ iPhone တွေမှာ အဲဒီချို့ယွင်းချက်ကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့ EverythingApplePro နဲ့ iDeviceHelp တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ သင့်မှာ coding ရေးတဲ့အတွေ့အကြုံတွေရှိစရာမလိုသလို hardware ပိုင်းမှာလည်း ကျွမ်းကျင်စရာမလိုဘဲနဲ့ ဟက်လို့ရမယ့် ဗွီဒီယိုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သင်လိုအပ်တာကတော့ Siri ဆီက အကူအညီအနည်းငယ်နဲ့ ဟက်ချင်တဲ့ iPhone နဲ့ အချိန်အနည်းငယ်ရှိနေဖို့ လိုပါတယ်။
ဗွီဒီယိုထွက်ပေါ်လာခြင်းဟာ အစမ်းအဆင့်မှာ ရှိနေသေးတဲ့ iOS 10.2 ကို အခုလို hack တဲ့ဗွီဒီယိုက ရပ်တံ့စေနိုင်ပါတယ်။ Apple ဟာ အခုအချိန်ထိ အဲဒီချို့ယွင်းချက်ကို မသိသေးတာလားဆိုတာ မသဲကွဲပါဘူး။ ကျွန်တော်တို့အနေနဲ့ Apple ကို ပြင်ဆင်ဖို့အကြောင်းအရာနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းတစ်စုံအရာမျှ မသိရသေးပါဘူး။
အခုလို hack ဖို့အတွက် ဖုန်းနံပါတ်တစ်ခုနဲ့ သူတို့ဖုန်းကို access ရဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်ဖုန်းနံပါတ်ကို မသိဘူးလား Siri ကို မေးလိုက်ပါ။ “Who am I?” လို့။
Here’s how to do the iPhone hack:
1 – သင်တိုက်ခိုက်ချင်တဲ့ iPhone ကို Call သို့မဟုတ် FaceTime လုပ်လိုက်ပါ။
2 – အ၀င်ဖုန်းပြပြီဆိုရင်တော့ မြင်နေရတဲ့ မက်ဆေ့ခ်ျ icon လေးကို နှိပ်လိုက်ပြီး Custom Message ပို့ဖို့ reply နေရာကို သွားလိုက်ပါ။
3 – Siri ကို Activate လုပ်လိုက်ပြီး “Turn on Voice Over” လို့ ပြောလိုက်ပါ။
4 – မက်ဆေ့ခ်ျ မျက်နှာပြင်မှာ ဖုန်းခေါ်ဆိုသူရဲ့နာမည်ကို နှစ်ချက်နှိပ်ပြီး ကိုင်ထားလိုက်ပါ။ ပြီးရင် ချက်ချင်း ကီးဘုတ်ကို နှိပ်ပါ။ (အလုပ်ဖြစ်ဖို့အတွက်တော့ တော်တော်လေး ကြိုးစားပါရတယ်။)
5 –Siri ကို “Turn off VoiceOver” လို့ ပြောလိုက်ပါ။
6 –မက်ဆေ့ခ်ျကို ပြန်သွားပြီး အပေါ်မှာမြင်နေရတဲ့ ခေါ်ဆိုသူရဲ့နာမည် အစစာလုံးကို ရိုက်လိုက်ပါ။ ဘေးနားက ⓘ icon လေးကို နှိပ်လိုက်ပြီး contact အသစ်မှတ်လိုက်ပါ။
7 – အဲဒီနောက်မှာတော့ Add photo ကိုရွေးလိုက်ပြီး iPhone ရဲ့ photo gallery ကို ရောက်သွားမှာပါ။ ဖုန်းဟာ lock ဖြစ်နေလည်း ရောက်သွားမှာပါ။
8 –စကားပြောဆိုထားတာတွေကို ကြည့်ဖို့အတွက် Step 6မှာ ကြိုက်နှစ်သက်ရာ contact ကို ရွေးလိုက်ပါ။

Protecting against the iPhone hack
သတင်းကောင်ကတော့ တိုက်ခိုက်တာထက် ကာကွယ်နည်းက ပိုလွယ်တယ်ဆိုတာပါပဲ။ Settings >> Touch ID & Passcode သွားပြီး Siri on the Lockscreen ကို disable လုပ်ထားလိုက်ပါ။
သင့်ရဲ့ ဓါတ်ပုံတွေကို ကာကွယ်ထားဖို့အတွက် Settings >> Privacy >> Photos ကို သွားပြီးတော့ Siri အသုံးပြုခွင့်ကို ပိတ်ထားလိုက်ပါ။
credit-------------Aung Phyo Oo (Myanmar Mobile App)
Lenovo Yoga Tab 8 B6000 Firmware
For lenovo Yoga Tab 8 B6000 3G (File Size 720mb)
Lenovo_Yoga_8_B6000_A422_0 00_084_140310_3G_4.2.2.Zip
Download Link
Lenovo_Yoga_8_B6000_A422_0
Download Link
For Lenovo Yoga Tab wifi Firmware (File Size 687mb)
Lenovo_Yoga_8_B6000_A422_0
Download Link
Motorola Nexus 6 SHAMU_MMB29V Stock Firmware (File Size 1GB)
Download ရယူထားသော Zip File ထဲတွင် Driver & Flash Tool , Firmware File များအားလုံးထည့်သွင်းပေးထားပါသည်။
Download LInk----------------
Download
Download LInk----------------
Download
Facebook လျှို့ဝှက်ချက် (9) ချက်
1. Comment တွေဖျက်ဖို့ ဆိုရင် Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။
2. ကိုယ့်ပုံ သူများမမြင်စေချင်ရင် ကိုယ့် Profile Photo မှာသူများ Tag ချိတ်ပေးတဲ့ ပုံတွေများနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီဓါတ်ပုံ (Photo) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည်ရှိပါလိမ့်မယ်။ အဲဒီ နာမည် ဘေးမှာ Photo နဲ့  Remove Tag ဆိုတာတွေ့ ရပါမယ်။ Remove Tag လုပ်ရုံပါပဲ။ ဒါဆိုရင် Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။
3. ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကိုပိုပြီးစိတ်ချရအောင် Account ထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲတွေ့ စေချင်တာလား။တခြားလူတွေပါမြင်စေချင်သလားဆိုတာရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့်ကြိုက်ရာတစ်ခုခုလုပ်ပါ။ Preview My Profile ကိုရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။
4. ကိုယ့် နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင် Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကိုရွေးချယ်ပါ။ ခုဆိုရင် သင့် Friends တွေကပဲ ကိုယ့် ကိုရှာတွေ့ မှာပါ။
5. Facebook Layout ပြောင်းချင်ရင် Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး ကိုယ့်Facebook Profile ရဲ့ Skin ကိုပြောင်းလဲပေးပါလိမ့်မယ်။ Add-ons တွေ အများကြီးရှိပါတယ်။ YontooLages အမည်ရှိ Add on software တစ်ခုကိုInstallလုပ်ရမှာ ဖြစ်ပြီးဒါက Facebook ရဲ့ Layout ကိုပြောင်းပေးမှာပါ။
6. Friends List ကိုဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လားတစ်ခုခု စိတ်ကြိုက်ရွေးလိုက်ရုံပါပဲ။
7. ဂိမ်း မကစားချင်တော့ဘူးဆိုရင် Facebookရဲ့ Farmville ဟိုး အရင်တုန်းကဆော့ခဲ့ပေမဲ့ အခုတော့ မဆော့ဖြစ်တော့ပေမဲ့ လက်ဆောင် များစွာ က နေ့တိုင်း ရောက်နေဦးမှာပါ။ မျက်စိနောက်စရာ ဒီပြသနာအတွက် ApplicationSettingကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။
8. Facebook မှာ Twitter လိုမျိုး hashtag ကို ထည့်လိုက်ပြီ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့ လူတွေ အဆင်ပြေအောင်လို့ ဒီလိုလေး လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။ နောက်ပိုင်း status တွေရေးရင် ကိုယ့် status ရဲ့ အဓိကသော့ချက်စကားလုံးကို # ခံပြီးရေးလို့ရပါပြီ။ ဥပမာ Ronaldo အကြောင်းရေးထားတာမျိုးဆိုရင် #Ronaldo ဆိုပြီး status မှာထည့်ရေးလိုက်ပါ။ ဒါဆိုဘယ်လိုအကျိုးကျေးဇူးဖြစ်လာမလဲဆိုရင်တော့www.facebook.com/hashtag/Ronaldo ဆိုပြီးတစ်ယောက်ယောက်ကရှာလိုက်ရင် # မှာ ထည့်ပြီးရေးခဲ့တဲ့ status တွေအားလုံးကိုသူ့အနေနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သွားမှာ ဖြစ်ပါတယ်။
9. တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင် Settingထဲက Privacy Setting မှာ Block Listကိုတွေ့ ရမှာပါ။ အဲဒီမှာ ကိုယ် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံပါပဲ။ နောက်တခါ Friend Requestထပ်ပို့ မှပဲ ကျွန်တော်တို့ သူငယ်ချင်း ပြန် ဖြစ်နိုင်ပါတော့မယ်။

IPhone ရဲ့ Region Codes များ
iPhone ကိုင်ဆောင်သူတွေ အတွက် ကိုယ်သိထားတာလေး မျှဝေချင်ပါတယ်။ ကိုယ်ကိုင်တဲ့ဖုန်း (device) က ဘယ်နိုင်ငံက လာသလဲ ဆိုတာကို သိချင်သူတွေအတွက် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။ အောက်မှာ ကိုယ်ဖုန်း မော်ဒယ်လ်နဲ့ တိုက်ကြည့်နိုင်ပါတယ်။ ဥပမာ - ကိုယ်ဖုန်းမှာ Model - MD……X/A ဆိုပြီး ပါတတ်ပါတယ်။ X ဆိုတဲ့ အင်္ဂလိပ်အက္ခရာလေးနဲ့ တိုက်ကြည့်ရမှာ ဖြစ်ပါတယ်။
Code Region
Code Region
AB Egypt, Jordan, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
BR Brazil (Assembled in Brazil)
BZ Brazil (Assembled in China)
C Canada
CH China
CZ Czech Republic
D Germany
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
HB Israel
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau

Android OS သမိုင်းကြောင်း
Android Operating System ဆိုတာ Linux ကို အခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပြီး Smart Phone တွေနဲ့ Tablet တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Android Inc. ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက 2003 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2005 ခုနှစ်မှာတော့ Google ကဝယ်ယူခဲ့ပါတယ်။ Android OS စနစ်ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းကတော့ HTC Dream ပဲဖြစ်ပါတယ်။ iPhone ထက် ၁ နှစ်ခန့် နောက်ကျပြီးမှ ထွက်လာတာဖြစ်ပါတယ်။ Android ဟာ open source OS တစ်ခုဖြစ်ပါတယ်။ Open Source ဆိုတာကတော့ Source Code တွေကို ရယူခွင့်၊ ပြင်ဆင်ခွင့်ရရှိပါတယ်။ တစ်ခါတစ်ရံ အခကြေး ငွေပေးရပေမဲ့ Google ရဲ့ Android ကတော့ Free And Open Source ဖြစ်ပါတယ်။ Apache License ကတော့ Android ရဲ့ လိုင်စင်ပဲဖြစ်ပါတယ်။ Mobile Developer တွေအတွက်လည်း Android ဟာ စွဲဆောင်မှုရှိတဲ့ Platform တစ်ခု ဖြစ်ခဲ့ပါတယ်။ Mobile Developer တွေရဲ့ 71% ဟာ Android Developer တွေဖြစ်တယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒါပေမဲ့ crack တွေများတဲ့အတွက် developer တွေအတွက် အမြတ်အစွန်း များများစားစား မရရှိပါဘူး။ Google Play Store ကဝင်ငွေကို Google ကမှီခိုနေရတာ မဟုတ်တဲ့အတွက် Google အနေနဲ့ Google Play ကမဟုတ်တဲ့အတွက် တခြား Google Play မှာမရှိတဲ့ software တွေကို ပေးသွင်းထားပါတယ်။ အဲဒါကလည်း Developer တွေကို စွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ 2010 နှစ်ကုန်ခါနီးမှာတော့ Symbian OS ကိုကျော်တက်ခဲ့ပါတယ်။ Smart Phone ကုမ္ဗဏီတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲလွယ်တဲ့ Android OS ကိုနှစ်ချိုက်သဘောကြပါတယ်။ ( Nokia တော့မပါဘူးပေါ့ဗျာ )။ Android ဟာ အခုဆိုရင် ဈေးကွက်ဝေစု 64% ရရှိထားပါပြီး Apple iOS ရဲ့ အဓိက ပြိုင်ဖက် ဖြစ်နေပါတယ်။ Apple ကတော့ Device ရောင်းတာအပြင် Software ရောင်းတဲ့ အမြတ်အစွန်းရတော့ Android ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။ Blackberry OS နဲ့ Windows OS ကတော့ Mobile OS မှာတတိယနေရာကို လုနေတာဖြစ်ပြီး ယခုဆိုလျှင် Ubuntu OS ကပါ တတိယနေရာ အတွက် ဝင်ရောက်လာတာကို တွေ့နိုင်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ ဘယ်သူတွေ ထိပ်ရောက်မလဲ မသိပေမဲ့ Android OS ကတော့ အခုလောလောဆယ် လူအသုံးများဆုံး OS ဖြစ်နေပါတယ်။ Android OS ကို လူသုံးအများဆုံးဖြစ်စေတဲ့ Samsung ဟာ Android နဲ့လမ်းခွဲတော့မယ်လို့ သိရပါတယ်။ သေချာတာကတော့ နောက်ပိုင်း Mobile OS တွေဟာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်ပြီး အသုံးပြုသူတွေအနေနဲ့လည်း Features အသစ်တွေ မြောက်များစွာ မြင်ရနိုင်ပါတယ်။ ဒါကတော့ Android OS အဆင့်ဆင့်ပါ။
1. Cupcake 1.5 April 27, 2009
2. Donut 1.6 September 15, 2009
3. Eclair 2.0 - 2.1 October 26, 2009
4. Froyo 2.2 - 2.2.3 May 20, 2010
5. Gingerbread 2.3 - 2.3.7 December 6, 2010
6. Honeycomb 3.0 - 3.2.6 February 22, 2011
7. Ice Cream Sandwich 4.0 - 4.0.4 October 18, 2011
8. Jelly Bean 4.1 - 4.3.1 July 9, 2012
9. KitKat 4.4 - 4.4.4 October 31, 2013
10.Lollipop 5.0 - 5.1.1 November 12, 2014
11.Marshmallow 6.0 - 6.0.1 October 5, 2015
12.Nougat 7.0 - 7.1.1 August 22, 2016

USB 1.0 , 2.0 , 3.0 ကွာခြားချက်များ
USB (Universal Serial Bus) က External Device တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ သူ့မှာအားသာချက်က USB Devices ကို Windows Run နေတဲ့အချိန်မှာ တပ်ဆင်တဲ့အချိန် System ကို Restart လုပ်စရာမလိုပါဘူး။ Length အရဆိုရင် Default အရ 5m (30ft) အရှည်ဆုံးရှိပါတယ်။ ဒီထက်ရှည်မယ်ဆိုရင် Data Transfer လုပ်တဲ့အခါ Lost ဖြစ်တတ်ပါတယ်။ USB မှာ Version 4 မျိုးရှိပါတယ်။
- USB1X
၁၉၉၆ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့ပါတယ်။ Version 1.0 မှာ 1.5 Mbps Data Transfer Rate ရှိပါတယ်။ Hight Speed လိုအပ်တဲ့ Drive တွေကိုဆိုရင် 12Mbps ထိ support လုပ်ပေးပါတယ်။ Bandwidth သေးငယ်တဲ့ဟာမျိုးဆိုရင်တော့ 1.5 Mbps ပဲ support လုပ်ပါတယ်။
- USB2X
၂၀၀၁ - ၂၀၀၂ ခုနှစ်လောက်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ Data Transfer Rate က Hight- speed ဖြစ်ပါတယ်။ Version 1.0 ထက်စာရင် Data Transfer Rate က အရမ်းများပါတယ်။ 480 Mbp လောက်ထိ ရှိပါတယ်။
- USB 3X
၂၀၁၀ နှစ်ဦးပိုင်းမှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ SATA နှင့် ESATA တို့ထက်တောင် ပိုမိုလျှင်မြန်ပါတယ်။ သူ့ရဲ့ Data Transfer Rate က 5 Gbps ထိရပါတယ်။
- USB OTG
USB OTG (Universal Serial Bus On-the-Go) ကတော့ Computer မလိုပဲ OTG Support လုပ်တဲ့ Device တွေမှ တဆင့် Print ထုတ်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။ Power Saving လည်းဖြစ်တဲ့အတွက်ကြောင့် Devices ရဲ့ Battery ကိုလည်းရေရှည် အသုံးပြုနိုင်ပါတယ်။
32 Bit System နဲ့ 64 Bit System အကြောင်း
ကျွန်တော်အနေနဲ့ 32-bit processor ၊ 64-bit processor ဆိုတဲ့အကြောင်းရယ် 32-bit Windows ၊ 64-bit Windows ဆိုတဲ့ အကြောင်းကိုမပြောခင် Register ဆိုတဲ့အကြောင်းကို အရင်ပြောချင်ပါတယ်။
- Register ဆိုတာဘာလဲ
တစ်ကယ်တော့ Register ဆိုတာ CPU (Central Processing Unit) or Processor အတွင်းမှာရှိတဲ့ စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Processor မှလက်ရှိ execute လုပ်ဖို့လိုအပ်တဲ့ data များ ၊ instruction များကို ထည့်ထားရာနေရာဖြစ်သည့်အတွက် register လို့ဆိုလိုက်တာနဲ့ CPU ထဲက memory ဧရိယာတစ်ခုလို့ သိထားရပါမယ်။ သဘောတရားအားဖြင့် computer ကသုံးတဲ့ memory အမျိုးအစား (Cache Memory, Main Memory - DDR2, DDR3) အားလုံးထဲမှာမှ speed အမြန်ဆုံးနှင့် အသေးငယ်ဆုံး အမျိုးအစားဖြစ်ပါတယ်။
- 32-bit Processor နှင့် 64-bit Processor ဘယ်လိုကွာ
CPU အတွင်းမှာ internal data bus လို့ခေါ်တဲ့ processor အတွင်းပိုင်းမှာ data တွေတစ်နေရာနဲ့ တစ်နေရာပေးဖို့ဖလှယ်ပေးတဲ့ data carrier (ဒီနေရာမှာတော့ bus) တစ်ခုရှိပါတယ်။ ဒီ internal data bus ပေါ်မူတည်ပြီး တစ်ကြိမ်မှာ data ပမာဏ ဘယ်လောက်သယ်ယူဖြတ်သန်းနိုင်မလဲဆိုတာ register size ပေါ်မူတည်ပါတယ်။ ယနေ့ CPU တွေမှာ 32-bit နှင့် 64-bitဆိုပြီး register size ၂ မျိုးရှိပါတယ်။ 32-bit register ကိုသုံးသော CPU များကို 32-bit CPU များဟုခေါ်ပြီး 64-bit register ကိုသုံးသော CPU များကို 64-bit register လို့ခေါ်ပါတယ်။
Intel မှထုတ်လုပ်သော 386 မှစပြီး Pentium 4 processor များထိတိုင်အောင်အတွင်းမှာ 32-bit register ကိုသာ အသုံးပြုတည်ဆောက်ပါတယ်။ သည့်အတွက် 32-bit processor တပ်ဆင်ထားသော computer များတွင် 32-bit Windows OS နှင့် application များကိုသာ install လုပ်ပြီးသုံးနိုင်ပါတယ်။ 64-bit OS နှင့် application များကို install လုပ်လို့မရပါဘူး။ Intel ရဲ့ Core2 ၊ AMD-Athlon 60 မှစပြီး နောက်ပိုင်း processor များမှာတော့ 32-bit နှင့် 64-bit register ၂ မျိုးလုံးပါရှိသည့်အတွက် 32-bit OS ပဲဖြစ်ဖြစ် 64-bit OS ပဲဖြစ်ဖြစ် နှစ်သက်ရာကို ရွေးချယ်အသုံးပြုလို့ရပါတယ်။
- 32-bit Windows နှင့် 64-bit Windows ဘယ်လိုကွာ
64-bit processor ကိုသုံးပြီး စွမ်းရည်အပြည့် အလုပ်လုပ်နိုင်စေရန် 64-bit Windows နှင့် 64-bit driver များကိုလိုအပ်လာပါတယ်။ ၂၀၀၅ ခုနှစ်ကနေစပြီး Microsoft မှ Windows XP 64-bit ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Application ပိုင်းအနေနှင့်ကတော့ 32-bit application တို့သည် 64-bit Windows မှာကောင်းစွာ အလုပ်လုပ်နိုင်တဲ့အတွက် အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအခါတုန်းက အသုံးပြုနေသည့် 32-bit Windows အတွက်ရေးထားသော 32-bit driver တို့ကို 64-bit Windows မှာသုံးမရသလို 64-bit အတွက်ရေးထားသော driver တို့ကို 32-bit Windows မှာလည်းသုံးမရပါဘူး။
နောက်ပိုင်းမှ ပစ္စည်းထုတ်ရောင်းချသူတွေက ပစ္စည်းသစ်တစ်မျိုးထုတ်တိုင်း 32-bit OS နှင့် 64-bit OS အတွက်ဆိုပြီး driver ၂ မျိုးကိုတွဲထုတ်ပေးပါတယ်။ သည့်အတွက် ၂၀၀၉ တွင် Windows 7 ထွက်လာတဲ့အချိန်မှာတော့ 32bit အတွက်ကော 64bit အတွက်ပါ driver တော်တော်များများ အဆင်သင့်ရှိနေနှင့်ပြီ ဖြစ်ပါတယ်။ ၄င်း 64bit edition ဖြင့် 64bit processor (x86-64PC) များတွင် အသုံးပြုမည်ဆိုပါက 3D Game များ ၊ Graphic ၊ Animation နှင့် အခြား 64bit application များကို ပိုမိုမြန်ဆန်အောင် လုပ်နိုင်ကြသည့်အတွက် 64bit processor များနှင့်အတူ 64bit edition အသုံးပြုမှုတွင် ကျယ်လာနေပြီဖြစ်ပါတယ်။ 32bit နှင့် 64bit တို့ရဲ့ နောက်ထပ်ထူးခြားချက်က memory capacity ဘယ်လောက်ထိ support လုပ်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ 32bit Windows တို့အမြင့်ဆုံး support လုပ်နိုင်သည့် ပမာဏသည် 4GB အထိသာဖြစ်ပါတယ်။ သဘောကတော့ computer မှာ RAM တို့ကို 4GB ထက်ကျော်လွန်အောင် တပ်ဆင်ပြီး အသုံးပြုလို့မရပါ။ 64bit Windows တို့ရဲ့ယနေ့အမြင့်ဆုံး support လုပ်နိုင်သောပမာဏမှာ 192GB ထိဖြစ်ပါတယ်။ Windows version ပေါ်လည်း မူတည်ပါတယ်။ မည်သို့ပင်ဖြစ်စေ computer မှာ RAM ပမာဏကို 4GB ထက်ကျော်လွန်အောင် တပ်ဆင်အသုံးပြုချင်တယ်ဆိုရင် 64bit Windows တစ်ခုကို မဖြစ်မနေအသုံးပြုရမှာဖြစ်သလို motherboard ပေါ်က chipset ကလည်း memory ပမာဏကို 4GB ထက်ကျော်လွန်အောင် (ဥပမာ- 8GB) support လုပ်နိုင်သော chipset မျိုးဖြစ်ဖို့လည်း လိုပါတယ်။
အခုဆိုရင် စာဖတ်သူတို့အနေနဲ့ 32bit/64bit processor တွေအကြောင်းနဲ့ 32bit/64bit Windows အကြောင်းကို သိရှိသွားပြီထင်ပါတယ်နော်။
Subscribe to:
Posts (Atom)