Siri နဲ့ VoiceOver မှာ အသုံးပြုထားတဲ့ iOS လုံခြုံရေးချို့ယွင်းချက်ကြောင့် မည့်သည့် iPhone မှာမဆို ဓါတ်ပုံတွေနဲ့ မက်ဆေ့ခ်ျတွေကို ကြည့်လို့ရနိုင်တဲ့ နည်းလမ်းအသစ်တစ်ခုကို ဟက်ကာတွေက တွေ့ရှိခဲ့ပါတယ်။
iOS 8 နှင့်အထက် အသုံးပြုထားတဲ့ iPhone တွေမှာ အဲဒီချို့ယွင်းချက်ကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့ EverythingApplePro နဲ့ iDeviceHelp တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ သင့်မှာ coding ရေးတဲ့အတွေ့အကြုံတွေရှိစရာမလိုသလို hardware ပိုင်းမှာလည်း ကျွမ်းကျင်စရာမလိုဘဲနဲ့ ဟက်လို့ရမယ့် ဗွီဒီယိုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သင်လိုအပ်တာကတော့ Siri ဆီက အကူအညီအနည်းငယ်နဲ့ ဟက်ချင်တဲ့ iPhone နဲ့ အချိန်အနည်းငယ်ရှိနေဖို့ လိုပါတယ်။
ဗွီဒီယိုထွက်ပေါ်လာခြင်းဟာ အစမ်းအဆင့်မှာ ရှိနေသေးတဲ့ iOS 10.2 ကို အခုလို hack တဲ့ဗွီဒီယိုက ရပ်တံ့စေနိုင်ပါတယ်။ Apple ဟာ အခုအချိန်ထိ အဲဒီချို့ယွင်းချက်ကို မသိသေးတာလားဆိုတာ မသဲကွဲပါဘူး။ ကျွန်တော်တို့အနေနဲ့ Apple ကို ပြင်ဆင်ဖို့အကြောင်းအရာနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းတစ်စုံအရာမျှ မသိရသေးပါဘူး။
အခုလို hack ဖို့အတွက် ဖုန်းနံပါတ်တစ်ခုနဲ့ သူတို့ဖုန်းကို access ရဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်ဖုန်းနံပါတ်ကို မသိဘူးလား Siri ကို မေးလိုက်ပါ။ “Who am I?” လို့။
Here’s how to do the iPhone hack:
1 – သင်တိုက်ခိုက်ချင်တဲ့ iPhone ကို Call သို့မဟုတ် FaceTime လုပ်လိုက်ပါ။
2 – အ၀င်ဖုန်းပြပြီဆိုရင်တော့ မြင်နေရတဲ့ မက်ဆေ့ခ်ျ icon လေးကို နှိပ်လိုက်ပြီး Custom Message ပို့ဖို့ reply နေရာကို သွားလိုက်ပါ။
3 – Siri ကို Activate လုပ်လိုက်ပြီး “Turn on Voice Over” လို့ ပြောလိုက်ပါ။
4 – မက်ဆေ့ခ်ျ မျက်နှာပြင်မှာ ဖုန်းခေါ်ဆိုသူရဲ့နာမည်ကို နှစ်ချက်နှိပ်ပြီး ကိုင်ထားလိုက်ပါ။ ပြီးရင် ချက်ချင်း ကီးဘုတ်ကို နှိပ်ပါ။ (အလုပ်ဖြစ်ဖို့အတွက်တော့ တော်တော်လေး ကြိုးစားပါရတယ်။)
5 –Siri ကို “Turn off VoiceOver” လို့ ပြောလိုက်ပါ။
6 –မက်ဆေ့ခ်ျကို ပြန်သွားပြီး အပေါ်မှာမြင်နေရတဲ့ ခေါ်ဆိုသူရဲ့နာမည် အစစာလုံးကို ရိုက်လိုက်ပါ။ ဘေးနားက ⓘ icon လေးကို နှိပ်လိုက်ပြီး contact အသစ်မှတ်လိုက်ပါ။
7 – အဲဒီနောက်မှာတော့ Add photo ကိုရွေးလိုက်ပြီး iPhone ရဲ့ photo gallery ကို ရောက်သွားမှာပါ။ ဖုန်းဟာ lock ဖြစ်နေလည်း ရောက်သွားမှာပါ။
8 –စကားပြောဆိုထားတာတွေကို ကြည့်ဖို့အတွက် Step 6မှာ ကြိုက်နှစ်သက်ရာ contact ကို ရွေးလိုက်ပါ။

Protecting against the iPhone hack
သတင်းကောင်ကတော့ တိုက်ခိုက်တာထက် ကာကွယ်နည်းက ပိုလွယ်တယ်ဆိုတာပါပဲ။ Settings >> Touch ID & Passcode သွားပြီး Siri on the Lockscreen ကို disable လုပ်ထားလိုက်ပါ။
သင့်ရဲ့ ဓါတ်ပုံတွေကို ကာကွယ်ထားဖို့အတွက် Settings >> Privacy >> Photos ကို သွားပြီးတော့ Siri အသုံးပြုခွင့်ကို ပိတ်ထားလိုက်ပါ။
credit-------------Aung Phyo Oo (Myanmar Mobile App)
No comments:
Post a Comment