ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုရင်န် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတ်ရစာရှိပါက GSM/WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁- ၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝ်ရနှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုရင်ာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောရင်ွက်ပေးလ်ျရကှိသည်ဟု သိရသည်။ “ခါတိုင်းကေတာ့ Call Center ကေနပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုရင်ာဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချတင်ာတွေကို သေသချာချာမေးလို့ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူးဖြစ်နေတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် မေမမြတ်သူက ပြောသည်။
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောရင်ွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောရင်ွ်ရကာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက်လဲလှ်ရယတာဖြစ်ပါတယ်” ဟု ရွှေဂုံတိုမငိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကေပြာသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောကင်ျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောရင်ွက်ပေးလ်ျရကှိကြောင်း ရွှေဂုံတိုမငိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။
No comments:
Post a Comment