CCTV

Tuesday, September 10, 2013

ဘောလုံးဝါသနာအိုးတွေအတွက် Real Football 2013 version 1.0.7 [Money Mod] Apk

PS 2 စက်တွေနဲ့ဘောလုံးကန်ဖူးတဲ့မိတ်ဆွေတွေကတော့ ဒီကောင်လေးကို အသုံးပြုကြည့်ပြီး အကြိုက်တွေ့မှာတော့မလွဲပါပဲ။ ကျွန်တော်
လည်းတော်တော်လေးကြိုက်လို့ စမ်းကြည့်နေတုန်းပါ။ သူက အပြင်မှာ တကယ့်ကို ဘောလုံးကန်နေရသလိုခံစားမှုမျိုးကိုပေးစွမ်းနိုင်တဲ့အပြင်
နိုင်ပွဲတွေရရှိရင်လည်း ပိုက်ဆံရမှာဖြစ်ပါတယ်။ အဲ့ဒီပိုက်ဆံတွေကိုစုထားပြီး နောက်ထပ်ကိုယ့်အသင်းရဲ့လိုအပ်တဲ့ လူတွေကို ၀ယ်နိုင်တာကိုတွေ့ရပါတယ်။ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို လည်း မြှင့်တင်ပေးနိုင်တဲ့အပြင် လူတွေကိုလည်း စိတ်ကြိုက် edit လုပ်နိုင်တာကိုတွေ့ရပါတယ်။
ဒါတွေကိုအရင်တုန်းကတော့ ကျွန်တော်တို့ PS 2 ဂိမ်းစက်တွေမှာပဲကစားနိုင်တာဖြစ်ပေမဲ့ အခုခါမှာတော့ android ပေါ်မှာတင် ဒါတွေကိုလုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။
ကိုယ့်အသင်းကိုကောင်းအောင် လုပ်နိုင်တဲ့အပြင်ကိုယ့်စိတ်ကြိုက် ကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်အောင်လည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။
အဲ့ဒါကြောင့် Real Football လို့နာမည်ပေးထားခြင်းဖြစ်တယ်လို့ကျွန်တော်ကတော့ ယူဆပါတယ်ဗျာ။
ဒီကောင်လေးကိုကစားဖို့အတွကတော့ android version 2.3 နဲ့အထက်မှာဆိုရင် အသုံးပြုလို့ရပါပြီဗျာ။ 





အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 


အားလုံးအဆင်ပြေကြပါစေဗျာ။

No comments:

Post a Comment